ပုဒ်မ ၄၁၇
ပုဒ်မ ၄၁၇
အမှုမှ အပြီးအပြတ်လွှတ်သည့်အခါ အစိုးရကိုယ်စားအယူခံခြင်း

(က) တိုင်းဒေသကြီးဥပဒေချုပ် သို့မဟုတ် ပြည်နယ်ဥပဒေချုပ်သည် တိုင်းဒေသကြီး တရားလွှတ်တော် သို့မဟုတ် ပြည်နယ်တရားလွှတ်တော်၏လက်အောက်ခံ တရားရုံးတစ်ခုခုက မူလမှုတွင် ဖြစ်စေ၊ အယူခံမှုတွင်ဖြစ်စေ၊ ပြင်ဆင်မှုတွင်ဖြစ်စေချမှတ်သည့် အပြီးအပြတ် လွှတ်သော အမိန့်ကို အဆိုပါ တရားလွှတ်တော်သို့ အယူခံလွှာတင်ရန် အစိုးရရှေနေအား ညွှန်ကြားနိုင်သည်။

(ခ)ပြည်ထောင်စုရှေ့နေချုပ်သည် တိုင်းဒေသကြီး တရားလွှတ်တော် သို့မဟုတ် ပြည်နယ်တရားလွှတ်တော်က ချမှတ်သည့် အောက်ဖေါ်ပြပါ အမိန့်တစ်ရပ်ရပ်ကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ အယူခံဝင်ရန် အစိုးရရှေ့နေအား ညွှန်ကြားနိုင်သည်။-

(၁)မူလမှု သို့မဟုတ် အယူခံမှုတွင် ချမှတ်သည့် အပြီးအပြတ်လွှတ်မိန့်

(၂)ပြင်ဆင်မှုတွင် ချမှတ်သည့် အပြီးအပြတ်လွှတ်မိန့်

(၃)အပြီးအပြတ် လွှတ်မိန့်အပေါ် အယူခံမှုကို ပလပ်သည့် အမိန့်။( ရာဇဝတ်ကျင့်ထုံးဥပဒေကို ပြင်ဆင်သည့်ဥပဒေအမှတ် ၁၆/၂၀၂၆)