ပုဒ်မ ၈၈
ပုဒ်မ ၈၈
ကြေးနန်းစာများနှင့်စပ်လျဉ်း၍အမှန်ကဲ့သို့မှတ်ယူခြင်း

ကြေးနန်းရုံးတစ်ရုံးက ပေးပို့သဖြင့် ကြေးနန်းလိပ်စာတွင် ဖော်ပြထားသူထံရောက်ရှိလာသည့် ကြေးနန်းစာတစ်စောင်သည် ကြေးနန်းရိုက်လိုက်သည်ဆိုသော ကြေးနန်းရုံးတွင် ပေးအပ်ခဲ့သည့်ကြေးနန်းစာနှင့် ထပ်တူဖြစ်သည်ဟု တရားရုံးကမှတ်ယူနိုင်သည်။ သို့ရာတွင် အဆိုပါကြေးနန်းစာကိုရိုက်ရန် ပေးအပ်ခဲ့သူသည် မည်သူမည်ဝါဖြစ်သည်ကိုမူ တရားရုံးက မည်သို့မျှ မှတ်ယူခြင်းမပြုရ။