(၁) ပုဒ်မ ၄၈၈ အရ လစဉ်ထောက်ပံ့ငွေရရှိနေသူ တစ်ဦး၏ အခြေအနေဖြစ်စေ၊ ဤပုဒ်မအရ ဇနီးကိုဖြစ်စေ၊ သားသမီးကိုဖြစ်စေ၊ လစဉ်ထောက်ပံ့ရန် အမိန့်ချမှတ်ခြင်း ခံရသူတစ်ဦး၏ အခြေအနေဖြစ်စေ ပြောင်းလဲသွားကြောင်း သက်သေခံ အထောက်အထား ပေါ်ပေါက်သည့်အခါ ရာဇဝတ်တရားသူကြီးသည် မိမိသင့်သည် ထင်မြင်သည့်အတိုင်း ထောက်ပံ့ကြေးကို ပြောင်းလဲရန် အမိန့်ချမှတ်နိုင်သည်။ သို့ရာတွင် ထောက်ပံ့ကြေးကို တိုးပေးလျှင် လစဉ်ထောက်ပံ့ကြေးသည် စုစုပေါင်း ကျပ်ငါးသောင်းထက် မပိုစေရ။
(၂) အခွင့်အာဏာရ တရားမတရားရုံးတစ်ရုံး၏ ဆုံးဖြတ်ချက် တစ်စုံတစ်ရာကြောင့် ပုဒ်မ ၄၈၈ အရ ချမှတ်ထားသည့်အမိန့်တစ်စုံတစ်ရာကို ပယ်ဖျက်သင့်ကြောင်း၊ သို့မဟုတ် ပြောင်းလဲသင့်ကြောင်း ရာဇဝတ်တရားသူကြီးက ယူဆပါက တရားမတရားရုံး၏ ဆုံးဖြတ်ချက်နှင့် လျော်ညီစွာ မိမိ၏အမိန့်ကို ပယ်ဖျက်နိုင်သည်၊ သို့မဟုတ် ပြောင်းလဲနိုင်သည်။