ပုဒ်မ ၇၅
ပုဒ်မ ၇၅
ခ။ လူဖမ်းဝရမ်း ၊ လူဖမ်းဝရမ်းပုံစံ

(၁) ဤဥပဒေအရ တရားရုံးတစ်ရုံးက ထုတ်ဆင့်သော လူဖမ်းဝရမ်းတိုင်းကို စာဖြင့် ရေးသား၍ တရားရုံး အကြီးအကဲ အရာရှိကဖြစ်စေ သို့မဟုတ် ယင်းတရားရုံးသည် ခုံရုံးဖြင့် ဖြစ်ပါက ယင်းခုံရုံး၏ အဖွဲ့ဝင်တစ်ဦးကဖြစ်စေ လက်မှတ်ရေးထိုးရမည်။ ဖမ်းဝရမ်းတွင် တရားရုံး တံဆိပ် ခတ်နှိပ်ရမည်။

လူဖမ်းဝရမ်း ဆက်လက်အတည်ဖြစ်ခြင်း

(၂) အဆိုပါ လူဖမ်းဝရမ်းတိုင်းသည် ထုတ်ဆင့်သည့်တရားရုံးက မဖျက်သိမ်းသေးသမျှ ကာလပတ်လုံး သို့မဟုတ် အတည်မပြုသေးသမျှ ကာလပတ်လုံး ဆက်လက် တည်နေစေရမည်။