(၁) တရားရုံးက ပုဒ်မ ၄၈၀၊ သို့မဟုတ် ပုဒ်မ ၄ဂ၅ အရ ပြစ်ဒဏ် ချမှတ် ခြင်းခံရသူ မည်သူမဆို အထက်ကမည်သို့ပင်ပါရှိစေကာမူ အဆိုပါဘရားရုံးကချမှတ်သည့် ဒီကရီများ၊ သို့မဟုတ် အမိန့်များအပေါ် သာမန်အားဖြင့် အယူခံရာဖြစ်သော တရားရုံးသို့ အယူခံနိုင်သည်။
(၂) အခန်း ၃၁ ပါပြဋ္ဌာန်းချက်များသည် ဤပုဒ်မအရ အယူခံသည့်အမှုများ နှင့်သက်ဆိုင်နိုင်သရွေ့ သက်ဆိုင်စေရမည်။ ထို့ပြင် အယူခံသည့်ပြစ်ဒဏ်ကိုလည်း အယူခံရုံးက ပြောင်းလဲ၊ သို့မဟုတ် ပယ်ဖျက်နိုင်သည်၊ သို့မဟုတ် အယူခံသည့်ပြစ်ဒဏ်ကို လျှော့ပေါ့၊ သို့မဟုတ် ပယ်ဖျက်နိုင်သည်။
(၃) ရန်ကုန်မြို့တော် တရားမ တရားရုံးကဆိုခဲ့သည့်အတိုင်း ပြစ်မှုထင်ရှားစီရင် ခြင်းကို အယူခံလျှင် တရားလွှတ်တော်တွင် အယူခံရမည်။ ထို့ပြင် အခြားစမော်ကော်တရားရုံးက ဆိုခဲ့သည့်အတိုင်း ပြစ်မှုထင်ရှားစီရင်ခြင်းကို အယူခံလျှင် ၎င်းရုံးတည်ရှိရာ စက်ရွှင်တိုင်းရှိ စက်ရှင် တရားရုံးတွင် အယူခံရမည်။
(၄) အထက်ကဆိုခဲ့သည့်အတိုင်း ခန့်ထားသည့် မှတ်ပုံတင်အရာရှိ၊ သို့မဟုတ် လက်ထောက်မှတ်ပုံတင် အရာရှိအဖြစ်ဖြင့် မည်သည့်အရာရှိကမဆို ချမှတ်သော ပြစ်မှုထင်ရှားစီရင် ခြင်းကို အကယ်၍ ထိုအရာရှိသည် တရားမတရားရုံးတွင် တရားသူကြီးလည်းဖြစ်သည့်အခါ အဆိုပါပြစ်မှုထင်ရှားစီရင်မှုသည် ထိုအရာရှိကဆိုခဲ့သည့် တရားသူကြီးအဖြစ်ဖြင့် ချမှတ်ခဲ့သော ဒီကရီတစ်ရပ်ဖြစ်လျှင် ဤပုဒ်မ၏ရှေ့ပိုင်း ပြဋ္ဌာန်းချက်များအရ အယူခံရာဖြစ်သော တရားရုံးသို့ အယူခံနိုင်သည်။ အခြားအမှုများတွင် ခရိုင်တရားမတရားသူကြီးထံ အယူခံနိုင်သည်။