ပုဒ်မ ၂(ဂ)
ပုဒ်မ ၂(ဂ)
နိုင်ငံခြားသုံးငွေ

နိုင်ငံခြားသုံးငွေ ဟူသော စကားရပ်တွင် အောက်ပါတို့ ပါဝင်သည်-

(၁) နိုင်ငံခြားငွေ ၊

(၂)ပယ်ဖျက်

(၃) နိုင်ငံတကာ အစိုးရငွေရေးကြေးရေးအဖွဲ့အစည်းများ၊ နိုင်ငံခြားရှိဗဟိုဘဏ်များ၊ ငွေတိုက်များနှင့် ကူးသန်း ရောင်းဝယ်ရေး ဘဏ်များတွင် ထားရှိသောအပ်ငွေများ၊

(၄) ပြည်တွင်းဘဏ်များရှိ နိုင်ငံခြားငွေဖြင့် ဖွင့်လှစ်ထားရှိသည့် ငွေစာရင်းများ၊

(၅) နိုင်ငံခြားအစိုးရများ၊ နိုင်ငံခြားငွေရေးကြေးရေးအဖွဲ့အစည်းများနှင့် နိုင်ငံတကာအစိုးရ ငွေရေး ကြေးရေးအဖွဲ့ အစည်းများက ထုတ်ဝေထားသည့် သို့မဟုတ် အာမခံထားသည့် နိုင်ငံခြားငွေဖြင့် သတ်မှတ်ထားသော ငွေချေး သက်သေခံလက်မှတ်များနှင့် စာချုပ်စာတမ်းများ။