အဆိုပါ ခံဝန်ချုပ်ဆိုရမည့်သူက ချုပ်ဆိုရမည့်ခံဝန်ချုပ်သည် ငြိမ်ဝပ်စွာနေထိုင်ရန်ဖြစ်စေ သို့မဟုတ် ကောင်မွန်စွာ ကျင့်ကြံနေထိုင်ရန်ဖြစ်စေ အမှုအလျောက် ထိုသူကို တာဝန်ရှိစေရမည်။ ကောင်မွန်စွာကျင့်ကြံနေထိုင်ရန်အတွက် ခံဝန်ချုပ်ဆိုရသည့်အမှုတွင် ထောင်ဒဏ်အပြစ်ပေးနိုင် သော ပြစ်မှုတစ်စုံတစ်ရာကိုကျူးလွန်ခဲ့လျှင် သို့မဟုတ် ကျူးလွန်ရန်အားထုတ်လျှင် သို့မဟုတ် ကျူးလွန်ရာတွင် အားပေးကူညီခဲ့လျှင် ထိုပြစ်မှုကို မည်သည့်နေရာတွင် ကျူးလွန်သည်ဖြစ်စေ ခံဝန်ချုပ်ကို ဖောက်ဖျက်ရာ ရောက်သည်။