ပုဒ်မ ၅၅
ပုဒ်မ ၅၅
ရွေးကောက်ပွဲဆိုင်ရာ ကုန်ကျစရိတ်များ

ရွေးကောက်ပွဲကိုယ်စားလှယ်သည် သက်ဆိုင်ရာ ရွေးကောက်ပွဲအတွက် ရွေးကောက်ပွဲဆိုင်ရာ ကုန်ကျစရိတ်များကို သတ်မှတ်ထားသည့်အတိုင်း စနစ်တကျ ထိန်းသိမ်းထားရှိရမည်။ ယင်းကုန်ကျ စရိတ်စာရင်းကို သတ်မှတ်ထားသည့် နည်းလမ်းနှင့်အညီ သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ကော်မရှင်အဖွဲ့ခွဲနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းကော်မရှင်အဖွဲ့ခွဲ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကော်မရှင်အဖွဲ့ခွဲ သို့မဟုတ် ကော်မရှင်က သတ်မှတ်ပေးသည့် ခရိုင်ကော်မရှင်အဖွဲ့ခွဲသို့ တင်ပြရမည်။