ပုဒ်မ ၄၁၂
ပုဒ်မ ၄၁၂
အချို့အမှုများတွင် ပြစ်မှုကျူးလွန်မိကြောင်း တရားခံက လျှောက်ထားသည့်အခါ အယူခံဝင်ခွင့် မရှိခြင်း

အထက်က မည်သို့ပင်ပါရှိစေကာမူ တရားခံက ပြစ်မှုကျုးလွန်၍ အပြစ်ရှိကြောင်း ဖြေကြားပြီး ၎င်းထုချေချက်အရ စက်ရှင်တရားရုံး၊ သို့မဟုတ် ပထမတန်းအာဏာရ ရာဇဝတ် တရားသူကြီးက ထိုသူအား ပြစ်မှုထင်ရှားစီရင်သည့်အခါတွင် ပြစ်ဒဏ် အတိုင်းအတာ ပြင်းထန် ခြင်း၊ သို့မဟုတ် တရားဥပဒေနှင့် မညီခြင်းအချက်များမှတစ်ပါး အခြားအချက်များနှင့်စပ်လျဉ်း၍ အယူခံဝင်ခွင့် မရှိစေရ။