ပုဒ်မ ၂၉၈
ပုဒ်မ ၂၉၈
တရားသူကြီး၏ တာဝန်တ္တရား

(၁) ထိုကဲ့သို့သောအမှုများတွင် တရားသူကြီး၏ တာဝန်ဝတ္တရားမှာ-

(က) စစ်ဆေးစီရင်စဉ်အတွင်း စပေါ် ပေါက်လ သော ဥပဒေဆိုင်ရာ ပြဿနာများ၊ အထူးသဖြင့် သက်သေထင်ရှားပြရန် ရည်ရွယ်သော စပ်ဆိုင်သည့် အကြောင်းခြင်းရာနှင့် စပ်လျဉ်းသော ပြဿနာများ၊ သက်သေခံချက်မှာ သက်သေခံဝင် မဝင်၊ သို့မဟုတ် အမှုသည်များက၊ သို့မဟုတ် အမှုသည်များအတွက် မေးမြန်းသည့် မေးခွန်း များမှာ သင့်လျော်မှု ရှိ မရှိ၊ ထို့ပြင် အမှုသည်များက ကန့်ကွက်သည်ဖြစ်စေ၊ မကန့်ကွက်သည်ဖြစ်စေ သက်သေခံမဝင်သော သက်သေခံချက်များ တင်သွင်းခြင်းကို မိမိ၏ ဆင်ခြင်တုံတရားဖြင့် တားဆီးခြင်း စသည်တို့ကို ဆုံးဖြတ်ရန် ဖြစ်သည်။

(ခ) စစ်ဆေးစီရင်မှုတွင် သက်သေခံချက်အဖြစ် တင်သွင်းသော စာတမ်း အမှတ်အသားများ၏ အဓိပ္ပာယ်နှင့် အဓိပ္ပာယ်ကောက်ယူခြင်းအပေါ် ဆုံးဖြတ်ရန်ဖြစ်သည်၊

(ဂ) သီးခြားအကြောင်းအရာများနှင့် စပ်လျဉ်းသော သက်သေခံချက် ကျောက်တင်သွင်းရန် အလို့ငှာ သက်သေထင်ရှားပြရန် လိုအပ်သည့် အကြောင်းအရာအားလုံးအပေါ် ဆုံးဖြတ်ရန် ဖြစ်သည်၊

(ဃ) ပေါ်ပေါက်လာသည့် ပြဿနာတစ်စုံတစ်ရာသည် မိမိနှင့် သက်ဆိုင်သည်၊ သို့မဟုတ် ဂျူရီနှင့်သက်ဆိုင်သည်ကို ဆုံးဖြတ်ရန် ဖြစ်သည်။ ထိုအချက်အပေါ် မိမိဆုံးဖြတ်ချက်သည် ဂျူရီလူကြီးများအပေါ် သက်ရောက်မှုရှိသည်။

(၂) တရားသူကြီးက အမှုအတွက် ပေါင်းချုပ်တင်ပြစဉ် ၎င်းက သင့်တော်သည် ထင်မြင်လျှင် မှုခင်းကိစ္စနှင့်စပ်ဆိုင်သည့် အကြောင်းခြင်းရာပြဿနာ၊ သို့မဟုတ် ရောနှောနေသည့် ဥပဒေနှင့် အကြောင်းခြင်းရာပြဿနာများနှင့်စပ်လျဉ်းသည့် ၎င်း၏ ထင်မြင်ယူဆချက်ကို ဂျူရီအား ပြောကြားနိုင်သည်။

ဥပမာများ

(က) ပတ်ဝန်းကျင် အကြောင်းခြင်းရာများအရ သက်သေထင်ရှား ပြခွင့်ရှိသည် ဟူသော အကြောင်းပြချက်ဖြင့် အမှုတွင် သက်သေအဖြစ် ပါဝင်ခြင်းမရှိသူတစ်ဦး၏ ထွက်ဆိုချက်ကို သက်သေထင်ရှားပြရန်အတွက် အဆိုပြုထားသည်၊

အဆိုပါ ပတ်ဝန်းကျင် အကြောင်းခြင်းရာများသည် သက်သေ ထင်ရှားပြပြီးကြောင်း အထောက်အထား ရှိ မရှိကို တရားသူကြီးကသာ ဆုံးဖြတ်ရမည်။

(ခ) မူရင်း စာတမ်းအမှတ်အသား ပျောက်ဆုံးသည်၊ သို့မဟုတ် ပျက်စီးသည်ဟူ၍ အဆိုပြုပြီး ထိုစာတမ်းအမှတ်အသား၏ ဒုတိယဆင့်သက်သေခံချက်ပေးရန်အတွက် အဆိုပြုထားသည်၊

မူရင်းသည် ပျောက်ဆုံးကြောင်း၊ သို့မဟုတ် ပျက်စီးကြောင်း ဟုတ် မဟုတ်ကို ဆုံးဖြတ်ရန်မှာ တရားသူကြီး၏တာဝန်ဝတ္တရားဖြစ်သည်။