(၁) ဤဥပဒေပါ အခြားပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်စေဘဲ တရားသူကြီး၊ သို့မဟုတ် ရာဇဝတ်တရားသူကြီးတစ်ဦး၏ အာဏာများနှင့်တာဝန်ဝတ္တရားများကို ၎င်း၏ရာထူး ဆက်ခံသူက သုံးစွဲနိုင်သည်၊ သို့မဟုတ် ဆောင်ရွက်နိုင်သည်။
(၂) ရာဇဝတ်တရားသူကြီးတစ်ဦး၏ ရာထူးကို ဆက်ခံမည့်သူမှာ မည်သူ ဖြစ်ကြောင်း သံသယရှိသည့်အခါ ဤဥပဒေ၊ သို့မဟုတ် ဤဥပဒေအရ ပြုလုပ်သည့် ခင်းကိစ္စ ဆောင်ရွက်ချက်၊ သို့မဟုတ် အမိန့်ကိစ္စများအလို့ငှာ ဆိုခဲ့သည့် ရာဇဝတ်တရားသူကြီး၏ ရာထူးကို ဆက်ခံရမည့်သူသည် မည်သူဖြစ်သည်ဟု မှတ်ယူရမည်ဖြစ်ကြောင်း ခရိုင်ရာဇဝတ်တရားသူကြီးက စာဖြင့် ရေးသားသည့် အမိန့်ထုတ်ဆင့်၍ ဆုံးဖြတ် သတ်မှတ်ရမည်။
(၃) တွဲဖက်၊ သို့မဟုတ ဒုတိယခရိုင်တရားသူကြီး၏ရာထူးကို ဆက်ခံ မည့်သူမှာ မည်သူဖြစ်ကြောင်း သံသယရှိသည့်အခါ ဥပဒေ၊ သို့မဟုတ် ဤဥပဒေအရ ပြုလုပ် သည့် မှုခင်းကိစ္စဆောင်ရွက်ချက်၊ သို့မဟုတ် အမိန့်ကိစ္စများအလို့ငှာ ဆိုခဲ့သည့် တွဲဖက်၊ သို့မဟုတ် ဒုတိယခရိုင်တရားသူကြီး၏ရာထူးကို ဆက်ခံမည့်သူသည် မည်သူဖြစ်သည်ဟု မှတ်ယူရ မည်ဖြစ်ကြောင်း စက်ရှင်တရားသူကြီးက စာဖြင့်ရေးသားသည့်အမိန့် ထုတ်ဆင့်၍ ဆုံးဖြတ် သတ်မှတ်ရမည်။