ပုဒ်မ ၃၀၃
ပုဒ်မ ၃၀၃
စွဲချက်တစ်ခုချင်းအပေါ် ဆုံးဖြတ်ချက်ပေးခြင်း။ တရားသူကြီးက ဂျူရီကို မေးမြန်းနိုင်ခြင်း

(၁) တရားရုံးက အခြားနည်းဖြင့် ညွှန်ကြားထားသည်မှတစ်ပါး တရားခံအား စစ်ဆေးစီရင်သည့် စွဲချက်အားလုံးနှင့်စပ်လျဉ်း၍ ဂျူရီ၏ဆုံးဖြတ်ချက်ကို ပေးပို့ရမည်။ ထို့ပြင် ၎င်းတို့၏ ဆုံးဖြတ်ချက်ကွဲပြားသိရှိရန်အတွက် လိုအပ်သည့်မေးခွန်းများကို တရားသူကြီးက မြန်းနိုင်သည်။

မေးခွန်းများနှင့်အဖြေများကို မှတ်တမ်းတင်ခြင်း။

(၂) အဆိုပါ မေးခွန်းများနှင့် အဖြေများကိုမှတ်တမ်းတင်ထားရမည်။