ပုဒ်မ ၂၈၇
ပုဒ်မ ၂၈၇
ရာဇဝတ်တရားသူကြီးရှေ့တွင် တရားခံအား စစ်မေးထားချက်သည် သက်သေခံချက်ဖြစ်ခြင်း

စစ်ဆေးစီရင်ရန် လွှဲအပ်တင်ပို့သည့် ရာဇဝတ်တရားသူကြီးကိုယ်တိုင် ဖြစ်စေ၊ ၎င်း၏ရှေ့တွင်ဖြစ်စေ နည်းလမ်းတကျ မှတ်တမ်းတင်ထားသည့် တရားခံအား စစ်မေးချက် (ရှိခဲ့လျှင်) ကို တရားလိုဘက်အမှုလိုက်အရာရှိက တင်သွင်းရမည့်အပြင် သက်သေခံချက်အဖြစ် ဖတ်ပြရမည်။