(၁) ဤဥပဒေ၏ ပင်ရင်းပြဌာန်းချက်တွင်ဖြစ်စေ၊ တည်ဆဲအခြားဥပဒေ တစ်ရပ်ရပ်တွင်ဖြစ်စေ အတိအလင်း အခြားနည်းပြဌာန်းထားသည်မှတပါး မူလစီရင်ပိုင်ခွင့် အာဏာကို ကျင့်သုံး၍ တရားရုံးတစ်ရုံးရုံးက ချမှတ်သော ဒီကရီအရပ်ရပ်ကို အဆိုပါ တရားရုံး၏ ဆုံးဖြတ်ချက်များအပေါ် တင်သွင်းသော အယူခံမှုများကို ကြားနာစစ်ဆေးရန် အခွင့်အာဏာအပ်နှင်းခြင်း ခံရသည့် တရားရုံး၌ အယူခံဝင်ခွင့်ရှိသည်။
(၂) တစ်ဖက်သတ် ချမှတ်သော မူလဒီကရီ(original decree passed ex parte) ကို အယူခံဝင်နိုင်သည်။
(၃) အမှုသည်များ၏ သဘောတူညီချက်အရ တရားရုံးက ချမှတ်သော ဒီကရီကို အယူခံ ဝင်ခွင့်မရှိစေရ။(with the consent of parties)