ပုဒ်မ ၇၀
ပုဒ်မ ၇၀
ခြောက်နှစ်အတွင်းဖြစ်စေ၊ ထောင်ဒဏ်ကျခံနေရစဉ်အတွင်းဖြစ်စေ ငွေဒဏ်ကိုတောင်းခံနိုင်ခြင်း

ငွေဒဏ်အားလုံးကိုဖြစ်စေ၊ ကျန်ငွေကိုဖြစ်စေ အမိန့်ချမှတ်ပြီးနောက် ခြောက်နှစ်အတွင်း မည်သည့် အခါ၌မဆို တောင်းခံနိုင်သည်။ ပြစ်မှုကျူးလွန်သူသည် ခြောက်နှစ်ထက်ပို၍ ထောင်ဒဏ်ချမှတ်ခြင်း ခံရလျှင် ထိုကာလမစေ့မီ မည်သည့်အခါ၌မဆို တောင်းခံနိုင်သည်။


ပြစ်မှုကျူးလွန်သူ သေဆုံးသော်လည်း ထိုသူပိုင်ပစ္စည်းသည် တာဝန်မှမလွတ်ကင်းခြင်း

ပြစ်မှုကျူးလွန်သူသေဆုံးသော်လည်း ထိုသူ၏ ကြွေးမြီများအတွက် ဥပဒေနှင့်အညီ ပေးဆပ်ရန် တာဝန်ရှိသော ထိုသူပိုင်ပစ္စည်းများမှာ ငွေဒဏ်အတွက် ပေးဆောင်ရန်လည်း တာဝန်ရှိစေရမည်။


ကျင့်ထုံး