အဆိုပါ တရားသူကြီးသည် အဆိုပါအစီရင်ခံစာမျိုးကိုရရှိသောအခါ စုံစမ်း ထောက်လှမ်းမှု တစ်ရ ပြုလုပ်ရန် ညွှန်ကြားနိုင်သည် သို့မဟုတ် မိမိသင့်သည် ထင်မြင်လျှင် အမှုကို ဤဥပဒေတွင် ပြဋ္ဌာန်းထားသော နည်းလမ်းအတိုင်း ပဏာမ စုံစမ်းစစ်ဆေးရန်ဖြစ်စေ၊ အခြားနည်းဆောင်ရွက်ရန် ဖြစ်စေ မိမိကိုယ်တိုင်း ချက်ချင်းဆောင်ရွက်နိုင်သည် သို့မဟုတ် မိမိလက်အောက်ရှိ တရားသူကြီး တစ်ဦးကို တာဝန်ပေးနိုင်သည်။