ပုဒ်မ ၃၁၈
ပုဒ်မ ၃၁၈
ခရိုင်တရားရုံးနှင့် မြို့နယ်တရားရုံးများ၏ စီရင်ပိုင်ခွင့်အာဏာများ

(က) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော် ကြီးကြပ်မှုအောက်ရှိတရားရုံး အဆင့်ဆင့် တွင်တရားသူကြီးများခန့်ထားခြင်း၊ စီရင်ပိုင်ခွင့်များအပ်နှင်းခြင်း၊ တာဝန်များ၊ လုပ်ပိုင်ခွင့် များနှင့် ရပိုင်ခွင့်များ သတ်မှတ်ခြင်းတို့သည် ဥပဒေနှင့်အညီ ဖြစ်စေရမည်၊

(ခ) ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော်များနှင့် ကျန်တရားရုံးများတွင် အရာရှိအဆင့်ဝန်ထမ်းများ၊ အခြားအဆင့်ဝန်ထမ်းများပါဝင်သည့် ဝန်ထမ်း အဖွဲ့အစည်းဖွဲ့စည်းခြင်း၊ တာဝန်များ၊ လုပ်ပိုင်ခွင့်များနှင့် ရပိုင်ခွင့်များသတ်မှတ်ခြင်းတို့သည် ဥပဒေနှင့် အညီ ဖြစ်စေရမည်။