ဤဥပဒေသည် တရားရုံးတစ်ခုခု၌စစ်ဆေးစီရင်သော မှုခင်းအားလုံးနှင့်ဖြစ်စေ၊ တပ်မတော်ဆိုင်ရာ ဥပဒေတစ်ရပ်ရပ်ပါပြဋ္ဌာန်းချက်များနှင့်မဆန့်ကျင်သမျှ စစ်တရားရုံးတစ်ခုခု၌ စစ်ဆေးစီရင်သောမှု ခင်းအားလုံးနှင့်ဖြစ်စေ သက်ဆိုင်စေရမည်။
သို့ရာတွင် ဤဥပဒေသည် တရားရုံးတစ်ခုခု သို့မဟုတ် အရာရှိတစ်ဦးဦးထံတွင်တင်သွင်းသော ကျမ်းကျိန်လွှာများ၊ ခုံသမာဓိလူကြီးများရှေ့မှောက်တွင် စစ်ဆေးသော မှုခင်းများနှင့် မသက်ဆိုင်စေရ။