ပုဒ်မ ၁၃၃
ပုဒ်မ ၁၃၃
ပြည်သူ့လွှတ်တော်အစည်းအဝေးကျင်းပခြင်း
(က) ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များသည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက် များနှင့် လည်းကောင်း၊ ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် လည်းကောင်း မဆန့်ကျင်လျှင် ပြည်သူ့လွှတ်တော်နှင့် ပြည်သူ့လွှတ်တော် ကော်မတီတို့တွင် လွတ်လပ်စွာပြောဆိုခွင့်နှင့် ဆန္ဒမဲပေးခွင့် ရှိသည်။ ထိုသို့ပြည်သူ့လွှတ်တော်နှင့် ပြည်သူ့လွှတ်တော်ကော်မတီများတွင် တင်ပြဆွေးနွေးခြင်း၊ ဆောင်ရွက်ခြင်းတို့နှင့် စပ်လျဉ်း၍ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တစ်ဦးအား ပြည်သူ့လွှတ်တော် ဆိုင်ရာဥပဒေမှအပ အခြားဥပဒေအရ အရေးယူခြင်းမပြုရ၊ (ခ) ပြည်သူ့လွှတ်တော် အစည်းအဝေးသို့ဖြစ်စေ၊ ပြည်သူ့လွှတ်တော်ကော်မတီတစ်ရပ်ရပ်၏ အစည်း အဝေးသို့ဖြစ်စေ တက်ရောက်ရန်ခွင့်ပြုခြင်း သို့မဟုတ် ဖိတ်ကြားခြင်းခံရသော ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ဖွဲ့စည်းသည့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းတစ်ရပ်ရပ်ကို ကိုယ်စားပြုသော အဖွဲ့အစည်း ဝင်များသို့မဟုတ် ပုဂ္ဂိုလ်များသည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် သော်လည်းကောင်း၊ ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် သော်လည်းကောင်း မဆန့်ကျင်လျှင် ပြည်သူ့လွှတ်တော် သို့မဟုတ် ပြည်သူ့ လွှတ်တော်ကော်မတီများတွင် လွတ်လပ်စွာပြောဆိုခွင့်ရှိသည်။ ပြည်သူ့လွှတ်တော်သို့မဟုတ် ပြည်သူ့လွှတ်တော် ကော်မတီများတွင် တင်ပြပြောဆိုမှုများနှင့် စပ်လျဉ်း၍ ယင်းအဖွဲ့အစည်းဝင်များ သို့မဟုတ် ပုဂ္ဂိုလ်များအား ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေမှအပ အခြား ဥပဒေအရ အရေးယူခြင်းမပြုရ၊ (ဂ) ပုဒ်ခွဲ(က) နှင့် (ခ) တွင်ပါရှိသော ပုဂ္ဂိုလ်များသည် အထက်ပါ အခွင့်အရေးများကို ကျင့်သုံးကြရာတွင် ကိုယ်ထိ လက်ရောက်ကျူးလွန်မှုများရှိခဲ့ပါက ယင်းတို့သည် ပြည်သူ့လွှတ်တော်၏ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်း များအရ လည်းကောင်း၊ တည်ဆဲဥပဒေများအရ လည်းကောင်း အရေးယူခြင်းခံရမည်။
ပြစ်ဒဏ်
-