ပုဒ်မ ၁၄
အစိုးရဝန်ထမ်း
အစိုးရဝန်ထမ်း ဆိုသည့် စကားရပ်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေအရသော်လည်းကောင်း၊ နိုင်ငံတော်သမ္မတကသော်လည်းကောင်း၊ နိုင်ငံတော်သမ္မတ၏ အခွင့်အာဏာအရသော်လည်းကောင်း ဆက်လက်ထမ်းဆောင်ရသူ သို့မဟုတ် ခန့်ထားခြင်းခံရသူ သို့မဟုတ် စေခိုင်းခြင်းခံရသူ အရာထမ်း အမှုထမ်း အရပ်ရပ်တို့ ပါဝင်သည်။