ပုဒ်မ ၁၃
ပုဒ်မ ၁၃
နိုင်ငံခြားငွေ ကိုင်ဆောင်ခြင်း၊ နိုင်ငံခြားငွေစာရင်း ဖွင့်လှစ်ခြင်းနှင့် အသုံးပြုခြင်း

ပြည်တွင်း၌နေထိုင်သူဖြစ်စေ၊ ပြည်ပ၌နေထိုင်သူဖြစ်စေ နိုင်ငံတော်အတွင်း မိမိတို့၏ နိုင်ငံခြား သုံးငွေများ ရောင်းချခြင်းမှရရှိသည့်ကျပ်ငွေကို နိုင်ငံခြားသုံးငွေများရောင်းဝယ် ဖောက်ကားသည့် လုပ်ငန်းလိုင်စင်ရရှိသူထံတွင် ကျပ်ငွေစာရင်းဖွင့်လှစ်အပ်နှံနိုင်သည်။ ထိုကျပ်ငွေ စာရင်းလက်ကျန်ကို နိုင်ငံခြားသုံးငွေပြန်လည်ဝယ်ယူရန် အသုံးပြု နိုင်သည်။