ဤဖွဲ့စည်းပုံအခြေခံဥပဒေ အာဏာစတင်တည်သည့်နေ့တွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီလက်အောက်၌ ဖွဲ့စည်းထားရှိသည့် တပ်မတော်အပါအဝင်ဌာန ဆိုင်ရာအဖွဲ့အစည်း များ၌ အမှုထမ်းရွက်ဆဲဖြစ်ကြသော နိုင်ငံ့ဝန်ထမ်းများသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရက အခြားပြဋ္ဌာန်းခြင်းမပြုသမျှ ဆက်လက်အမှုထမ်းရမည်။