တစ်ဦးတစ်ယောက်သောသူ၏လက်ဝယ်ရှိသောစာချုပ်စာတမ်းများမှာ အခြားသူတစ်ဦး၏လက်ဝယ်ရှိပါက ထိုအခြားသူက တင်ပြရန်ငြင်းဆိုနိုင်ခွင့်ရှိသော စာချုပ်စာတမ်းများဖြစ်နေလျှင် ယင်းတို့ကို တင်ပြစေရန် ထိုအခြားသူကသဘောတူခွင့်ပြုခြင်းမရှိသေးသမျှ ထိုသို့တင်ပြစေရန်အဆိုပါ စာချုပ်စာ တမ်းလက်ဝယ်ရှိသူအားအတင်းအကျပ်မပြုရ။