ပုဒ်မ ၅၂
ပုဒ်မ ၅၂
နိုင်ငံတော်ဖွဲ့စည်းတည်ဆောက်ပုံ
(က) နိုင်ငံတော်နယ်နိမိတ်ကို ပြင်ဆင်သတ်မှတ်ရန် လိုအပ်ပါက နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုလွှတ်တော်အကြီးအမှူးထံ နိုင်ငံတော်နယ်နိမိတ် ပြင်ဆင်သတ်မှတ်ရေးအတွက် ပြည် ထောင်စုလွှတ်တော်၏ သဘောထားကို ရယူပေးပါရန် ပထမဦးစွာ အကြောင်းကြားရမည်၊ (ခ) နိုင်ငံတော်နယ်နိမိတ် ပြင်ဆင်သတ်မှတ်ရေးအတွက် နိုင်ငံတော်သမ္မတ၏ အကြောင်းကြားစာ ရရှိသည့်အခါ ပြည်ထောင်စုလွှတ်တော် အကြီးအမှူးသည်အောက်ပါအတိုင်း လွှတ်တော်ကိုယ်စားလှယ် များ၏ဆန္ဒကို ရယူရမည်- (၁) တိုင်းဒေသကြီးများ နှင့်ပြည်နယ်များမှ ကိုယ်စားလှယ်ဦးရေတူညီစွာ ရွေးကောက် တင်မြှောက် ထားသည့် လွှတ်တော်တွင် ပါရှိသောလွှတ်တော်ကိုယ်စားလှယ်များ၏ ထက်ဝက်ကျော် ထောက်ခံဆန္ဒမဲ၊ (၂) မြို့နယ်ကို အခြေခံ၍လည်းကောင်း၊ လူဦးရေကို အခြေခံ၍လည်းကောင်း ရွေးကောက်တင်မြှောက် ထားသည့် လွှတ်တော်တွင်ပါရှိသော ကိုယ်စားလှယ်များ၏ ထက်ဝက်ကျော် ထောက်ခံဆန္ဒမဲ၊ (၃) ထိုလွှတ်တော်နှစ်ရပ်ရှိ သက်ဆိုင်ရာ နယ်နိမိတ်နှင့် အကျုံးဝင်သောတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်မှ လွှတ်တော်ကိုယ်စားလှယ်များ၏ ထက်ဝက်ကျော် ထောက်ခံဆန္ဒမဲ။ (ဂ) အထက်ပါအတိုင်း ထောက်ခံဆန္ဒမဲ အသီးသီးရရှိလျှင် နိုင်ငံတော် နယ်နိမိတ်ကို လိုအပ်သလို ပြင်ဆင်သတ်မှတ်ပေးရန် ပြည်ထောင်စုလွှတ်တော် အကြီးအမှူးက နိုင်ငံတော်သမ္မတထံ အကြောင်း ကြားရမည်၊ (ဃ) အထက်ပါသတ်မှတ်ထားသော နည်းလမ်းများနှင့်အညီ လွှတ်တော်တစ်ရပ်ရပ်ကဖြစ်စေ၊ ထိုလွှတ်တော်နှစ်ရပ်ရှိ သက်ဆိုင်ရာနယ်နိမိတ်နှင့် အကျုံးဝင်သော တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်မှလွှတ်တော်ကိုယ်စားလှယ်များကဖြစ်စေ နယ်နိမိတ်ပြင်ဆင်ရေးနှင့်စပ်လျဉ်းပြီး သဘောမတူ ကြောင်းဆုံးဖြတ်လျှင် ပြည်ထောင်စုလွှတ်တော်၏ သဘောထားကို ရယူဆောင်ရွက်ရမည်။ ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်စုစုပေါင်း၏ လေးပုံသုံးပုံနှင့်အထက်က ထောက်ခံလျှင် နိုင်ငံတော်နယ်နိမိတ် ကိုလိုအပ်သလို ပြင်ဆင်သတ်မှတ်ပေးရန် ပြည်ထောင်စုလွှတ်တော် အကြီးအမှူးက နိုင်ငံတော်သမ္မတထံ အကြောင်းကြားရမည်၊ (င) ပြည်ထောင်စုလွှတ်တော်၏ သဘောထားကို ရရှိသည့်အခါ နိုင်ငံတော်နယ်နိမိတ် ပြင်ဆင် သတ်မှတ်ရေးနှင့် စပ်လျဉ်း၍ နိုင်ငံတော်သမ္မတကလိုအပ်သလို ဆောင်ရွက်ရမည်။
ပြစ်ဒဏ်
-