ပုဒ်မ ၇၀
ပုဒ်မ ၇၀
လုပ်ထုံးလုပ်နည်းဆိုင်ရာ နည်းဥပဒေများ

(၁) နိုင်ငံတော်သမ္မတသည် အောက်ပါကိစ္စများအလို့ငှာ အထက်ဆိုခဲ့သည့် ပြဌာန်းချက် များနှင့် ညီညွတ်သော နည်းဥပဒေများကို ပြဌာန်းနိုင်သည် –

(က) တရားရုံးမှ ကော်လိတ္တော်အရာရှိထံသို့ ဒီကရီကို ပေးပို့ခြင်း(transmission of the decree)၊၊ ကော်လိတ္တော် အရာရှိနှင့် ၎င်း၏လက်အောက်ခံ ဝန်ထမ်းတို့က ယင်းဒီကရီကို အတည်ပြု ရာ၌ လိုက်နာရမည့် လုပ်ထုံးလုပ်နည်းကို သတ်မှတ်ခြင်းနှင့် ကော်လိတ္တော် အရာရှိက ယင်းဒီကရီကို တရားရုံးသို့ ပြန်လည် ပေးပို့ခြင်းနှင့် သက်ဆိုင်သည့် ကိစ္စ။

( ခ )  ဒီကရီအတည်ပြုခြင်းကို ကော်လိတ္တော်အရာရှိထံ လွှဲပြောင်းမပေးခဲ့လျှင် တရားရုံးက ကျင့်သုံးနိုင်သည့် ဒီကရီအတည်ပြုရေး အာဏာများ (powers in the execution of the decree) အားလုံးကို ဖြစ်စေ၊ တစ်စိတ်တစ်ဒေသကို ဖြစ်စေ ကော်လိတ္တော်အရာရှိအား သို့မဟုတ် ၎င်း၏ လက်အောက်ခံ ပြန်တမ်းဝင်အရာရှိ (gazetted subordinate) တစ်ဦးဦးအား အပ်နှင်းရန် ကိစ္စရပ်များ။

( ဂ )  ဒီကရီကို ကော်လိတ္တော်အရာရှိထံ လွှဲပြောင်းပေးခဲ့ခြင်းမရှိလျှင် တရားရုံးက ချပေးမည့်အမိန့်များ သို့မဟုတ် ယင်းအမိန့်များနှင့်စပ်လျဉ်း၍ အယူခံတွင် ချပေးမည့်အမိန့်များကို အယူခံတရားရုံး သို့မဟုတ် ပြင်ဆင်မှုတရားရုံးများ တွင် ဤဥပဒေအရဖြစ်စေ၊ တည်ဆဲအခြား တရားဥပဒေအရဖြစ်စေ၊ အယူခံခွင့် သို့မဟုတ် ပြင်ဆင်ခွင့်များရှိသည်နှင့် ထပ်တူကျနိုင်သမျှ ကျအောင် အခွန်ဘက်ဆိုင်ရာ အထက်အာဏာပိုင်များထံ အယူခံခွင့်၊ ယင်းအာဏာပိုင် များက ပြင်ဆင်နိုင်ခွင့်ရှိသည်နှင့်အညီ ကော်လိတ္တော် အရာရှိကဖြစ်စေ၊ ၎င်း၏ လက်အောက်ခံ ပြန်တမ်းဝင်အရာရှိ တစ်ဦးဦးက ဖြစ်စေ ချမှတ်သည့် အမိန့်များနှင့် စပ်လျဉ်း၍သော်လည်းကောင်း၊ ယင်းအမိန့်များကို အယူခံရာတွင် ချပေးသည့်အမိန့်များနှင့် စပ်လျဉ်း၍သော်လည်းကောင်း စီမံ ပြဌာန်းရန် ကိစ္စ။

တရားမရုံးများ၏ စီရင်ပိုင်ခွင့်အာဏာကို ပိတ်ပင်ခြင်း

(၂) ဒ်မခွဲ (၁) အရ ပြဋ္ဌာန်းသည့် နည်းဥပဒေများဖြင့် ကော်လိတ္တော်အရာရှိထံ၊ ၎င်း၏ လက်အောက်ခံ ပြန်တမ်းဝင်အရာရှိထံ သို့မဟုတ် အယူခံ/ပြင်ဆင်မှုဆိုင်ရာ အာဏာပိုင်ထံ အပ်နှင်းထားသော အာဏာ (power) များကို တရားရုံးကဖြစ်စေ၊ တရားရုံး၏ ဒီကရီ သို့မဟုတ် အမိန့်များအပေါ် အယူခံ သို့မဟုတ် ပြင်ဆင်မှု စီရင်ပိုင်ခွင့် (appellate or revisional jurisdiction) ရှိသော မည်သည့် တရားရုံးကမျှ ဖြစ်စေ ကျင့်သုံးပိုင်ခွင့် မရှိစေရ။