အများပြည်သူအား နှောင့်ယှက်မှုများ
(၁) အများပြည်သူအား အနှောက်အယှက်ဖြစ်စေသော ကိစ္စတွင် ရှေ့နေချုပ်ကဖြစ်စေ၊ ရှေ့နေချုပ်၏ စာဖြင့် ရေးသားထားသော သဘောတူခွင့်ပြုချက် ရရှိသူနှစ်ဦး သို့မဟုတ် နှစ်ဦးထက်ပိုသူ တို့ကဖြစ်စေ အထူးနစ်နာခြင်း မရှိစေကာမူ မြွက်ဟကြေငြာချက်နှင့် တားဝရမ်း တစ်ရပ်အတွက်သော် လည်းကောင်း၊ အမှုအခြေအနေအရ အခြားသင့်တော်သော သက်သာခွင့် အတွက်သော်လည်းကောင်း တရားမမှုစွဲဆိုနိုင်သည်။
(၂) ဤပုဒ်မပါ ပြဌာန်းချက်များနှင့် မဆိုင်ဘဲ သီးခြားတည်ရှိသည့် အမှုစွဲဆိုခွင့်ကို ဤပုဒ်မပါ ပြဌာန်းချက်ကြောင့် ကန့်သတ်သည် သို့မဟုတ် အခြားနည်းထိခိုက်စေသည်ဟု မှတ်ယူခြင်း မပြုရ။