ပုဒ်မ ၉၅
ပုဒ်မ ၉၅
တည်ရှိနေသည့်အကြောင်းခြင်းရာများကိုထောက်၍ အဓိပ္ပာယ်မကွဲမပြားသောစာချုပ်စာတမ်းနှင့် စပ်လျဉ်း၍သက်သေခံချက်။

စာချုပ်စာတမ်းတစ်ခုတွင် ပါရှိသည့်အရေးအသားသည် ထိုအတိုင်းပင် အဓိပ္ပာယ်ရှင်းလင်းနေသော် လည်း တည်ရှိနေသည့်အကြောင်းခြင်းရာများနှင့် ဆက်စပ်၍ကြည့်လျှင် အဓိပ္ပာယ် မကွဲမပြားရှိပါက ထို အရေးအသားကို ထူးခြားသောအဓိပ္ပာယ်ဖြင့် ရေးသားထားကြောင်း ပေါ်လွင်အောင်သက်သေခံတင်ပြ နိုင်သည်။

ဥပမာ

A က “ရန်ကုန်မြို့ရှိကျွန်တော်၏အိမ်” ဟုဆိုကာ ထိုအိမ်ကို B အားစာချုပ်နှင့်ရောင်းချသည်။ A ၌ရန်ကုန်တွင်အိမ်ပိုင်မရှိ။ သို့ရာတွင် A ၌ အင်းစိန်မြို့တွင်တည်ရှိသော အိမ်တစ်အိမ်ရှိကြောင်း ပေါ်လွင် သည်။ ထိုစာချုပ် ချုပ်ဆိုသည့် အချိန်မှစ၍ ထိုအိမ်တွင် B နေထိုင်လျက်ရှိသည်။ ထိုစာချုပ်သည် အင်းစိန်မြို့ရှိ အိမ်နှင့်သက်ဆိုင်ကြောင်းထင်ရှားအောင်ပြရန်အတွက်ဆိုခဲ့သည့် အကြောင်းခြင်းရာများနှင့် စပ်လျဉ်း၍ သက်သေထင်ရှားတင်ပြနိုင်သည်။