ပုဒ်မ ၈၆
ပုဒ်မ ၈၆
ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကျင်းပခြင်း
(က) ပြည်ထောင်စုလွှတ်တော်တွင် အဆုံးအဖြတ်ပြုရမည့် အကြောင်းအရာတစ်ရပ်နှင့် စပ်လျဉ်း၍ မဲခွဲဆုံးဖြတ်ရာ၌ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် အခြားနည်းပြဋ္ဌာန်းထားခြင်းမရှိလျှင် အစည်းအဝေးသို့ တက် ရောက်၍ ဆန္ဒမဲပေးသည့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များ၏ များရာဆန္ဒမဲဖြင့် ဆုံးဖြတ်ရမည်၊ (ခ) ပြည်ထောင်စုလွှတ်တော် အစည်းအဝေးများတွင် မဲခွဲဆုံးဖြတ်သည့် ကိစ္စများ၌ ပြည်ထောင်စု လွှတ်တော်နာယက သို့မဟုတ် နာယကတာဝန် ထမ်းဆောင်နေသည့် ဒုတိယနာယကသည် ဆန္ဒမဲ မပေးရ။ ထောက်ခံဆန္ဒမဲနှင့် ကန့်ကွက်ဆန္ဒမဲ အရေအတွက်ချင်း တူညီနေသည့် ကိစ္စရပ်တွင်သာ အနိုင်မဲပေးရမည်။
ပြစ်ဒဏ်
-