တရားစီရင်ရေးမှုခင်းတစ်ခုတွင်ဖြစ်စေ၊ တရားဥပဒေအရ သက်သေခံ ရေးမှတ်ရယူခွင့်ရှိသူဝန်ထမ်း တစ်ဦးတစ်ယောက်ထံတွင်ဖြစ်စေ၊ သက်သေတစ်ဦးကထွက်ဆိုသော သက်သေခံချက် သို့မဟုတ် သက် သေခံချက်တစ်စိတ်တစ်ပိုင်း၏ မှတ်တမ်းသော်လည်းကောင်း၊ အကျဉ်းချုပ်သော်လည်းကောင်းဖြစ်သည် ဆိုသော စာတမ်းအမှတ်အသားသို့မဟုတ် တရားဥပဒေအရရေးမှတ်ရယူထားပြီးတရားသူကြီး သို့မဟုတ် ရာဇဝတ်တရားသူကြီးကဖြစ်စေ၊ အထက်ဆိုခဲ့သည့် ဝန်ထမ်းတစ်ဦးဦးကဖြစ်စေ လက်မှတ်ရေး ထိုးထားသည်ဆိုသော အကျဉ်းသား သို့မဟုတ် တရားခံတစ်ဦးတစ်ယောက်၏ ထွက်ချက်သော်လည်းကောင်း၊ ဖြောင့်ချက်သော်လည်းကောင်း ဖြစ်သည်ဆိုသော စာတမ်းအမှတ်အသားတစ်ခုခုကို တရားရုံး တစ်ခုခုသို့ တင်ပြသည့်အခါ ထိုတရားရုံးက ထိုစာတမ်းအမှတ်အသားသည် စစ်မှန်သည်ဟူ၍လည်းကောင်း၊ ထိုစာတမ်းအမှတ်အသားကို ရေးမှတ်ရယူရာတွင် ရှိနေသော အခြေအနေနှင့်စပ်လျဉ်း၍ လက်မှတ်ရေးထိုးထားသည်မှာ မှန်ကန်သည်ဟူ၍လည်းကောင်း ထိုသက်သေခံချက်၊ထွက်ချက် သို့မဟုတ် ဖြောင့်ချက်ကို နည်းလမ်းတကျ ရေးမှတ်ရယူထားသည် ဟူ၍လည်းကောင်း မှတ်ယူရမည်။