(ကက) ပုဒ်မ ၇၄ အရ လျှောက်ထားချက်ကို လက်ခံရရှိပါက ကော်မရှင်သည် လျှောက်ထားသူနှင့် လျှောက်ထားခံရသူအားဖြစ်စေ၊ ယင်းတို့၏ ရှေ့နေ သို့မဟုတ် ကိုယ်စားလှယ်အားဖြစ်စေ လိုအပ်သလို ကြားနာပြီး အောက်ပါဆုံးဖြတ်ချက်တစ်ရပ်ရပ်ကို ချမှတ်နိုင်သည်-
(၁) ရွေးကောက်ပွဲခုံအဖွဲ့၏ ဆုံးဖြတ်ချက်ကို အတည်ပြုခြင်း၊
(၂) ရွေးကောက်ပွဲခုံအဖွဲ့၏ ဆုံးဖြတ်ချက်ကို ပယ်ဖျက်ခြင်း။
(ခ) ပုဒ်မခွဲ (က) အရ ကော်မရှင်၏ ဆုံးဖြတ်ချက်သည် အပြီးအပြတ်ဖြစ်သည်။ ယင်းဆုံးဖြတ်ချက် ကို နိုင်ငံတော်ပြန်တမ်းတွင် ထုတ်ပြန်ကြေညာရမည်။