ပုဒ်မ ၅၅၀
ပုဒ်မ ၅၅၀
ခိုးရာပါပစ္စည်းဖြစ်ကြောင်း သင်္ကာမကင်းသည့် ပစ္စည်းကို ပြည့်သူ့ရဲက သိမ်းယူနိုင်ခွင့် အာဏာ

မည်သည့် ရဲအရာရှိမဆို ခိုးရာပါပစ္စည်းဟု စွပ်စွဲနိုင်သော၊ သို့မဟုတ် သင်္ကာမကင်း ဖြစ်နိုင်သော ပစ္စည်းကို၊ သို့မဟုတ် ပြစ်မှုတစ်ရပ်ကျူးလွန်လိမ့်မည်ဟု သင်္ကာမကင်းဖြစ်နိုင်သော အခြေအနေတွင် တွေ့ရှိရသည့် ပစ္စည်းကိုသိမ်းယူနိုင်သည်။ ဆိုခဲ့သည့် ရဲအရာရှိသည် ပြည်သူ့ ရဲတပ်ဖွဲ့ စခန်းမှူးလက်အောက်ခံဖြစ်လျှင် ထိုကဲ့သို့ သိမ်းယူခဲ့သည့်ကိစ္စကို စခန်းမှူးထံချက်ချင်း အစီရင်ခံရမည်။