ပုဒ်မ ၈၅
ပုဒ်မ ၈၅
ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကျင်းပခြင်း
(က) ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတစ်ရပ်၏ ပထမနေ့တွင် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်းဦးရေ၏ ထက်ဝက်ကျော် ဦးရေ တက်ရောက်လျှင် ယင်းအစည်းအဝေး အထမြောက်သည်။ အကယ်၍ အထမမြောက်ပါက အစည်းအဝေးကို ရွှေ့ဆိုင်းရမည်။ (ခ) ပုဒ်မခွဲ(က) အရ အစည်းအဝေး အထမမြောက်သည့်အတွက် ရွှေ့ဆိုင်းကျင်းပရသော အစည်း အဝေးများနှင့် အစည်းအဝေးအထ မြောက်ပြီးနောက် ဆက်လက်ကျင်းပသော အစည်းအဝေး များတွင် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်းဦးရေအနက် အနည်းဆုံး သုံးပုံတစ်ပုံ တက်ရောက်လျှင် အစည်းအဝေးများအထမြောက်သည်။
ပြစ်ဒဏ်
-