ပုဒ်မ ၄၉
ပုဒ်မ ၄၉
လွတ်ထွက်ရန်အကြောင်းဖြင့် တံခါးနှင့် ပြတင်းပေါက်များကို ဖျက်ဆီးဖွင့်လှစ်နိုင်ခွင့်အာဏာ

မည်သည့်ရဲအရာရှိမဆို သို့မဟုတ် ဖမ်းဆီးရန်အခွင့်အာဏာ အပ်နှင်းထားသူ အခြားမည်သူ မဆို ဖမ်းဆီးရန်အလို့ငှာ အိမ် သို့မဟုတ် နေရာတစ်ခုအတွင်းသို့ တရားဥပဒေနှင့် အညီ ဝင်ရောက် ပြီးနောက် မထွက်နိုင်အောင်ရှိခဲ့လျှင် မိမိကိုယ်ကိုဖြစ်စေ၊ အခြားသူကိုဖြစ်စေ လွတ်ထွက်နိုင်စေရန်၊ ယင်းအိမ် သို့မဟုတ် နေရာ၏ မည်သည့် အပြင်တံခါးကိုဖြစ်စေ သို့မဟုတ် ပြတင်းပေါက်ကိုဖြစ်စေ ဖျက်ဆီးဖွင့်လှစ်နိုင်သည်။