ပုဒ်မ ၁၁၁
ပုဒ်မ ၁၁၁
တစ်ဦးနှင့်တစ်ဦးအလုပ်ကိစ္စဆောင်ရွက်ကြရာတွင်တစ်ဘက်သောသူမှာ ယုံကြည်ကိုးစားခြင်းခံရ သည့်အခြေတွင်ရှိလျှင်အလုပ်ကိစ္စကိုသဘောရိုးဖြင့်ဆောင်ရွက်ကြောင်းသက်သေထင်ရှားတင်ပြခြင်း

နှစ်ဦးနှစ်ဘက်ရှိရာတွင် တစ်ဘက်သောသူက ကျန်တစ်ဦး၏ယုံကြည်ကိုးစားခြင်းကိုခံရလျက် အလုပ်ကိစ္စဆောင်ရွက်ကြရာ၌သဘောရိုးဖြင့် ဆောင်ရွက်ခြင်း ဟုတ်မဟုတ်ဟူသော ပြဿနာပေါ်ပေါက် လျှင် ထိုအလုပ်ကိစ္စကိုသဘောရိုးဖြင့် ဆောင်ရွက်ကြောင်းသက်သေထင်ရှားတင်ပြရန် တာဝန်သည် ယုံကြည်ကိုးစားခြင်းခံရသူအပေါ်ကျရောက်သည်။

ဥပမာများ

(က) အမှုသည်တစ်ဦးက မိမိ၏ရှေ့နေအပေါ်စွဲဆိုသည့် တရားမမှုတွင် အမှုသည်က ထိုရှေ့နေသို့ တစ်စုံ တစ်ရာရောင်းချလိုက်ခြင်းမှာ သဘောရိုးဖြင့် ဟုတ်မဟုတ် ဟူသောပြဿနာရှိခဲ့သည်။ သဘောရိုးဖြင့် ရောင်းချသောကိစ္စဖြစ်ကြောင်း သက်သေထင်ရှားတင်ပြရန်တာဝန်သည် ရှေ့နေအပေါ်ကျရောက်သည်။

(ခ) အရွယ်ရောက်စဖြစ်သောသားကဖခင်အပေါ်စွဲဆိုသည့် တရားမမှုတွင် သားကဖခင်သို့တစ်စုံတစ်ခု ရောင်းချလိုက်ခြင်းမှာ သဘောရိုးဖြင့် ဟုတ်မဟုတ်ဟူသော ပြဿနာရှိခဲ့သည်။ သဘောရိုးဖြင့် ရောင်းချ သောကိစ္စဖြစ်ကြောင်းသက်သေထင်ရှားတင်ပြရန် တာဝန်သည် ဖခင်အပေါ်ကျရောက်သည်။