ပုဒ်မ ၈၇
ပုဒ်မ ၈၇
အထွေထွေ

တရားဝင်အပ်နှင်းထားသော လုပ်ပိုင်ခွင့်အရ ဥပဒေနှင့်အညီ မိမိတာဝန်ကို သဘောရိုးဖြင့် စွမ်း ဆောင်နိုင်သမျှ ထမ်းဆောင်သော ကော်မရှင်နှင့် ကော်မရှင်အဖွဲ့ဝင်များ၊ ကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့် နှင့် ယင်းတို့၏ အဖွဲ့ဝင်များ၊ ရွေးကောက်ပွဲခုံအဖွဲ့နှင့် ရွေးကောက်ပွဲခုံအဖွဲ့ဝင်များ၊ မဲရုံမှူးအပါအဝင် မဲရုံ အဖွဲ့ဝင်များ၏ လုပ်ဆောင်ချက်များအတွက် တရားမကြောင်း အရဖြစ်စေ၊ ပြစ်မှုကြောင်းအရဖြစ်စေ တရားစွဲဆိုခြင်း မခံထိုက်စေရ။