(၁) သက်သေထွက်ချက်များကို ရေးမှတ်စစ်ဆေးပြီးနောက် တရားခံကို စစ်ဆေး စီရင်ရန်အတွက် လွှဲအပ်တင်ပို့ရန် အခြေအမြစ်ရှိကြောင်း ရာဇဝတ်တရားသူကြီးက ကျေနပ်လျှင် ၎င်းတရားခံအပေါ် မည်သည့်ပြစ်မှုနှင့်စွဲချက်တင်ကြောင်းဖော်ပြ၍ ရာဇဝတ်တရားသူကြီးက လက်မှတ်ရေးထိုးလျက် စွဲချက်တင်ရမည်။
စွဲချက်ကိုထရားခံသို့ ရှင်းလင်း ပြောပြပြီး စွဲချက် မိတ္တူကို တရားခံသို့ ပေး အပ်ရခြင်း။
(၂) စွဲချက်တင်သည်နှင့်တစ်ပြိုင်နက် တရားခံအားဖတ်ပြပြီး အကြောင်းအရာများကို ရှင်းလင်းပြောပြရမည်။ ထို့ပြင် ၎င်းတရားခံအလိုရှိလျှင်လည်း စွဲချက်မိတ္တူကို အခမဲ. ပေးအပ်ရမည်။