ပုဒ်မ ၄၂၂
ပုဒ်မ ၄၂၂
အယူခံသည့် အကြောင်းအကြောင်း ကြားခြင်း

အယူခံတရားရုံးသည် အယူခံမှုကို အကျဉ်းနည်းဖြင့် မပလပ်လျှင် ၎င်းအယူခံမှုကို မည်သည့်အချိန်နှင့် နေရာတွင် ကြားနာမည်ဖြစ်ကြောင်း အယူခံတရားလို၊ သို့မဟုတ် ၎င်း၏ ရှေ့နေနှင့် နိုင်ငံတော်သမ္မတက ဤကိစ္စအလို့ငှာ ခန့်ထားသည့် အရာရှိထံသို့ အကြောင်းကြား စေရမည်။ အဆိုပါအရာရှိက လျှောက်ထားလာလျှင် ၎င်းအား အယူခံ အကြောင်းပြချက် ပါရှိသည့် အယူခံလွှာ မိတ္တူတစ်စောင်ကို ပေးအပ်ရမည်။

ထို့ပြင် ပုဒ်မ ၄၁၇ အရ အယူခံသောအမှုများ၌ ဆိုခဲ့သည့် အလားတူ အကြောင်းကြားစာကို တရားခံသို့ပေးစေရန် အယူခံတရားရုံးက ချအပ်ရမည်။