ပုဒ်မ ၃၈၁
ပုဒ်မ ၃၈၁
ပုဒ်မ ၃၇၆ အရ ချမှတ်သည့် အမိန့်ကို အတည်ပြုလုပ်ခြင်း

စက်ရှင်တရားရုံးက ချမှတ်သည့် သေဒဏ်အမိန့်ကို အတည်ပြုရန် တိုင်းဒေသကြီးတရားလွှတ်တော် သို့မဟုတ် ပြည်နယ်တရားလွှတ်တော်ချုပ်သို့ တင်သွင်းရာ ၎င်းအမိန့်ကို အတည်ပြုသည့်အမိန့်၊ သို့မဟုတ် အခြားအမိန့်ကို တိုင်းဒေသကြီးတရားလွှတ်တော် သို့မဟုတ် ပြည်နယ်တရားလွှတ်တော်ချုပ်မှ ရရှိသည့်အခါ စက်ရှင်တရားရုံးက ဝရမ်းထုတ်ဆင့်ခြင်း၊ သို့မဟုတ် လိုအပ်သလို အခြားသင့်လျော်ရာများကို ဆောင်ရွက်ခြင်းဖြင့် ၎င်းအမိန့်ကို အတည်ပြုလုပ်ရမည်။ (ရာဇဝတ်ကျင့်ထုံးဥပဒေကို ပြင်ဆင်သည့်ဥပဒေအမှတ် ၁၆/၂၀၁၆)