(၁) တည်ဆဲဥပဒေတစ်ရပ်ရပ်အရ အခြားနည်း ပြဋ္ဌာန်းထားခြင်းမရှိလျှင် ဤဥပဒေအရ ထောင်ကျခံထိုက်သူ။ သို့မဟုတ် အချုပ်ခံထိုက်သူတို့ကို မည်သည့်အရပ်တွင် ချုပ်ထားရမည့် အကြောင်း နိုင်ငံတော်သမ္မတက ညွှန်ကြားနိုင်သည်။
တရာမအကျဉ်းထောင်တွင် အချုပ်ခံလျက်ရှိနေသော တရားခံ၊ သို့မဟုတ် အပြစ်ကျသူများအား ရာဇဝတ်ထောင်သို့ ရွှေ့ပြောင်းခြင်းနှင့် ၎င်းတို့ကိုတရားမထောင်သို့ တစ်ဖန်ပြန်၍ ရွှေ့ပြောင်းခြင်း။
(၂) ဤဥပဒေအရ ထောင်ကျခံထိုက်သူ၊ သို့မဟုတ် အချုပ်ခံထိုက်သူ တစ်ဦး တစ်ယောက်မှာ တရားမအကျဉ်းထောင်တွင် အချုပ်ခံနေရလျှင် ထိုသူကို ရာဇဝတ် အကျဉ်း ထောင်သို့ ရွှေ့ပြောင်းစေရန်၊ ထိုတရားခံအား ထောင်ချရန်၊ သို့မဟုတ် ချုပ်ထားရန် အမိန့်ချမှတ်သည့် တရားရုံး၊ သို့မဟုတ် ရာဇဝတ်တရားသူကြီးက ညွှန်ကြားနိုင်သည်။
(၃) တစ်ဦးတစ်ယောက်ကို ပုဒ်မခွဲ(၂) အရ ရာဇဝတ်အကျဉ်းထောင်သို့ ရွှေ့ပြောင်း လျှင် ၎င်းသူကို ရာဇဝတ်အကျဉ်းထောင်မှ လွှတ်သည့်အခါ အောက်ပါအချက်များ တွင်မှတစ်ပါး တရားမအကျဉ်းထောင်သို့ ပြန်ပို့ ရမည်–
(က) ရာဇဝတ်အကျဉ်းထောင်သို့ ရွှေ့ပြောင်းပြီးနောက် သုံးနှစ်ကုန်လွန် ပြီးသည့် အချက်၊
၎င်းအချက်တွင် ထိုသူကို တရားမကျင့်ထုံးဥပဒေပုဒ်မ ၅၈ အရ တရားမအကျဉ်းထောင်မှ လွှတ်ကြောင်း မှတ်ယူရမည်။
( ခ ) တရားမအကျဉ်းထောင်တွင် ချုပ်ထားစေရန် အမိန့်ချမှတ်သော တရားရုံးက ထိုသူသည် တရားမကျင့်ထုံးဥပဒေပုဒ်မ ၅၈ အရ လွှတ် ထိုက်သူဖြစ်ကြောင်း၊ ရာဇဝတ်အကျဉ်းထောင် တာဝန်ခံအရာရှိ ထံသို့ သက်သေခံလက်မှတ် ထုတ်ပေးသည့်အချက်။