အခြားနည်း ပြဌာန်းထားသည်မှတပါး တရားရုံးတစ်ရုံးရုံး၏ လုပ်ငန်းကို အခြားတရားရုံး တစ်ရုံးရုံးသို့ လွှဲပြောင်းပေးသည့်အခါ လက်ခံသော တရားရုံးသည် လွှဲပြောင်းပေးသည့် တရားရုံးအား ဤဥပဒေကဖြစ်စေ၊ ဤဥပဒေအရဖြစ်စေ အပ်နှင်းထားသော အာဏာများနှင့် သတ်မှတ်ထားသည့် တာဝန်ဝတ္တရားများကို ကျင့်သုံးဆောင်ရွက်ခွင့် ရှိရမည်။