ပုဒ်မ ၄၁
ပုဒ်မ ၄၁
တားမြစ်ချက်များ

မည်သူမဆို နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုနှင့်စပ်လျဉ်း၍ ဤဥပဒေအရ ထုတ်ပြန်သည့် နည်းဥပဒေများ၊ စည်းမျဉ်း၊ စည်းကမ်းများ၊ အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများတို့ပါ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ခြင်းမပြုရ။