(က) ပြည်ထောင်စုနယ်မြေဖြစ်သည့် နေပြည်တော်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေ အာဏာသက် ရောက်သည့်နေ့၌ တည်ရှိနေသော နေပြည်တော်စည်ပင်သာယာရေးနယ်နိမိတ်အတွင်းရှိ ခရိုင်နှင့်မြို့နယ် များ အားလုံးပါဝင်သည်၊
(ခ) နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုနယ်မြေဖြစ်သည့် နေပြည်တော်အတွင်းရှိ ခရိုင်နှင့်မြို့နယ် များကို လိုအပ်သလိုပြင်ဆင်သတ်မှတ်နိုင်သည်။