ပုဒ်မ ၁၆
ပုဒ်မ ၁၆
ခုံရုံးများ လိုက်နာဆောင်ရွက်ရန် နည်းဥပဒေများကို ပြဋ္ဌာန်းနိုင်သည့် အာဏာ

နိုင်ငံတော်သမ္မတကဖြစ်စေ၊ နိုင်ငံတော်သမ္မတ၏ကြီးကြပ်မှုဖြင့် ခရိုင်ရာဇဝတ် တရားသူကြီးက ဖြစ်စေ ခရိုင်အတွင်းရှိ ခုံရုံးထိုင် တရားသူကြီးများ လိုက်နာဆောင်ရွက်ရန် အောက်ပါအကြောင်းအရာများနှင့် စပ်လျဉ်း၍ အခါအားလျော်စွာ ဤဥပဒေနှင့်အညီ နည်းဥပဒေများ ပြုနိုင်သည် -

(က) စစ်ဆေးစီရင်ရန် အမှုအမျိုးအစားများ၊

( ခ ) ခုံရုံးထိုင်ရန် အချိန်ကာလများနှင့် နေရာဌာနများ၊

( ဂ ) အမှုများကို စစ်ဆေးစီရင်ရန် ခုံရုံးဖွဲ့စည်းခြင်း၊

(ဃ) ခုံရုံးထိုင်စဉ်အတွင်း ပေါ်ပေါက်နိုင်သော တရားသူကြီးတို့ အယူအဆ ကွဲပြားမှုများကို ညှိနှိုင်းရမည့် နည်းလမ်း။