အိမ်ထောင်လက်ရှိဖြစ်သူ သို့မဟုတ် အိမ်ထောင်ပြုခဲ့ဖူးသူ တစ်ဦးအား၊ ယင်းနှင့်လက်ထပ်ပေါင်း သင်းနေသူက သို့မဟုတ် ယင်းနှင့်လက်ထပ်ပေါင်းသင်းခဲ့ဖူးသူက လက်ထပ်ပေါင်းသင်းနေစဉ်ကာလ အတွင်း ဆက်သွယ်မှုတစ်ရပ်ရပ်ကို ထုတ်ဖော်ပြောဆိုစေရန် အဆိုပါအိမ်ထောင်လက်ရှိဖြစ်သူ သို့မဟုတ် အိမ်ထောင်ပြုခဲ့ဖူးသူအားအတင်းအကျပ်မပြုရ။
အိမ်ထောင်ဖက်အချင်းချင်းဖြစ်ပွားသည့် တရားမမှုများနှင့်အိမ်ထောင်ဖက်တစ်ဦးအပေါ်တစ်ဦးကျူး လွန်သည့်ပြစ်မှုဆိုင်ရာ မှုခင်းများမှတစ်ပါး၊ ဆက်သွယ်ခဲ့သောအချက်နှင့်စပ်လျဉ်း၍ ဆက်သွယ်အသိပေး ခဲ့သူက သို့မဟုတ် ယင်း၏ကိုယ်စားလှယ်၏အကျိုးဆက်ခံသူက သဘောမတူလျှင်ထိုသို့အသိပေးခြင်းခံ ရသော အိမ်ထောင်လက်ရှိဖြစ်သူ သို့မဟုတ် အိမ်ထောင်ပြုခဲ့ဖူးသူမှာ အဆိုပါအသိပေးထားသောအချက် ကိုထုတ်ဖော်ပြောဆိုခွင့်မရှိစေရ။