(၁) ဒီကရီချမှတ်သည့် တရားရုံးသည် တရားနိုင်က လျှောက်ထားသောအခါ အောက်ပါအခြေအနေတစ်ရပ်ရပ် ပေါ်ပေါက်ပါက ဒီကရီကို အခြားတရားရုံးသို့ အတည်ပြု ပေးရန် ပေးပို့နိုင်သည်။
(က) တရားရှုံး (judgment-debtor) သည် ယင်းအခြားတရားရုံး၏ စီရင်ပိုင်ခွင့်ဒေသအတွင်း အမှန်တကယ်နှင့် မိမိသဘောအလျောက် နေထိုင်ခြင်း၊ လုပ်ငန်းဆောင်ရွက်ခြင်း သို့မဟုတ် ကိုယ်ကျိုးအမြတ်အစွန်းအတွက် ကိုယ်တိုင် အလုပ်လုပ်ကိုင်ခြင်း ပြုနေပါက
( ခ) တရားရှုံး၌ ဒီကရီချမှတ်သော တရားရုံး၏ စီရင်ပိုင်ခွင့်ဒေသအတွင်း ဒီကရီကို ကျေအေးပြေငြိမ်းစေလောက်သည့် ပစ္စည်းမရှိဘဲ ယင်းအခြားတရားရုံး၏ စီရင်ပိုင်ခွင့်ဒေသအတွင်း ပစ္စည်းရှိနေပါက
( ဂ ) ဒီကရီချမှတ်သည့် တရားရုံး၏ စီရင်ပိုင်ခွင့်ဒေသပြင်ပရှိ မရွှေ့မပြောင်း နိုင်သောပစ္စည်းကို ရောင်းချရန် သို့မဟုတ် လက်ရောက်ပေးအပ်ရန် ဒီကရီတွင် ညွှန်ကြားထားခြင်းပါက
(ဃ) ဒီကရီချမှတ်သည့် တရားရုံးက စာဖြင့်ရေးမှတ်ထားရမည့် အခြား အကြောင်း တစ်ရပ်ရပ်ကြောင့် ဒီကရီကို အခြားတရားရုံးက အတည်ပြုသင့်သည်ဟု ယူဆပါက
(၂) ဒီကရီချမှတ်သည့် တရားရုံးသည် စီရင်ပိုင်ခွင့်အာဏာရှိသော လက်အောက်ခံ တရားရုံး တစ်ရုံးရုံးသို့ ဒီကရီကို အတည်ပြုပေးရန် မိမိအလိုအလျောက်(of its own motion) ပေးပို့နိုင်သည်။