(၁) ရာဇဝတ်တရားသူကြီးက ဖြစ်စေ၊ ခုံရုံးကဖြစ်စေ အကျဉ်းနည်းဖြင့် စစ်ဆေး စီရင်သည့် အယူခံခွင့်ရှိသော အမှုတိုင်းတွင် အဆိုပါ ရာဇဝတ်တရားသူကြီး၊ သို့မဟုတ် ခုံရုံးသည် ပြစ်ဒဏ်မချမှတ်မီ သက်သေခံချက် အကျဉ်းချုပ်နှင့်တကွ ပုဒ်မ ၂၆၃ ပါ အကြောင်းအရာများကို ထည့်သွင်း၍ စီရင်ချက်ရေးမှတ်ရမည်။
(၂) ဤပုဒ်မနှင့် သက်ဆိုင်သောအမှုတွင် အဆိုပါ စီရင်ချက်တစ်ခုတည်းသာ အမှုမှတ်တမ်းဖြစ်စေရမည်။