ဤကျင့်ထုံးဥပဒေတွင်သော်လည်းကောင်း၊ အခြားတည်ဆဲ တရားဥပဒေတစ်ရပ် ရပ်တွင်သော်လည်းကောင်း အခြားနည်း ပြဋ္ဌာန်းထားသည်မှတစ်ပါး မည်သည့် တရားရုံးကမျှ ၎င်း၏စီရင်ချက်ကို လက်မှတ်ရေးထိုးပြီးပါက စာအရေးအသား မှားယွင်းချက်ကို ပြင်ရန်မှတစ်ပါး ထိုစီရင်ချက်ကို ပြောင်းလဲခြင်း၊ သို့မဟုတ် ပြန်လည်သုံးသပ်ခြင်း မပြုရ။