အရေးပေါ်အခြေအနေ ထုတ်ပြန်ကြေညာထားစဉ်ကာလအတွင်းတွင် နိုင်ငံတော်သမ္မတကိုယ်စား ဖြစ်စေ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က နိုင်ငံတော်အာဏာကိုကျင့်သုံးနေသည့် ကာလအတွင်း ဖြစ်စေ၊ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက နိုင်ငံတော်အာဏာကို ကျင့်သုံးနေသည့် ကာလအတွင်းဖြစ်စေ လုံခြုံရေး၊ တည်ငြိမ်ရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုး ရေးတို့ကို မူလအခြေအနေသို့ အမြန်ပြန်လည်ရောက်ရှိစေခြင်းငှာ လိုအပ်သည့် အရေးယူဆောင်ရွက် မှုပြုနိုင်ရန် လုပ်ပိုင်ခွင့်နှင့်တာဝန်များပေးအပ်ခြင်းခံရသည့် အာဏာပိုင်အဖွဲ့အစည်းတစ်ရပ်ရပ်၊ ယင်းအဖွဲ့အစည်းဝင်တစ်ဦးဦး၊ နယ်ဘက်ဝန်ထမ်း အဖွဲ့အစည်းတစ်ရပ်ရပ်၊ ယင်းအဖွဲ့အစည်းဝင် တစ်ဦးဦး၊ စစ်ဘက်ဆိုင်ရာ အဖွဲ့အစည်းတစ်ရပ်ရပ်၊ ယင်းအဖွဲ့အစည်းဝင် တစ်ဦးဦး၏ တရားဝင် ဆောင်ရွက်ချက်များသည် အတည်ဖြစ်စေရမည်။ ယင်းတရားဝင် ဆောင်ရွက်ချက်များအပေါ် အကြောင်း ပြုလျက်တရားစွဲဆိုခွင့်မရှိစေရ။