တစ်စုံတစ်ခုသောအကြောင်းခြင်းရာနှင့်စပ်လျဉ်း၍ သက်သေထင်ရှားတင်ပြရန်တာဝန်သည် ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်အပေါ် ကျရောက်ရမည့်ဥပဒေတစ်ရပ်ရပ်တွင် သီးခြားသတ်မှတ်ဖော်ပြ၍ ပြဋ္ဌာန်းထားခြင်းမရှိလျှင် ထိုတာဝန်သည် အဆိုပါအကြောင်းခြင်းရာ တည်ရှိကြောင်း တရားရုံးအား ယုံကြည်စေလိုသူအပေါ်ကျရောက်သည်။
ဥပမာ
A က B ကိုခိုးမှုဖြင့်တရားစွဲဆိုရာတွင် B သည် မိမိခိုးမှုကျူးလွန်ကြောင်း C သို့ဝန်ခံသည်ဟုတရားရုံး အားယုံကြည်စေလိုသည်။ထိုသို့ဝန်ခံသည်ဆိုသော အကြောင်းခြင်းရာသက်သေထင်ရှားအောင် A ကတင်ပြရမည်။
B ကအဆိုပါ အချိန်တွင်မိမိသည် အခြားနေရာ၌ရှိနေကြောင်းတရားရုံးအားယုံကြည်စေလိုသည်။ B က မိမိအခြားနေရာ၌ရှိနေကြောင်း သက်သေထင်ရှားတင်ပြရမည်။