မရွှေ့မပြောင်းနိုင်သော ပစ္စည်းနှင့် စပ်လျဉ်း၍ သက်သာခွင့် ရလိုမှု သို့မဟုတ် ယင်းပစ္စည်းကို ထိခိုက်နစ်နာစေသည့်အတွက် လျော်ကြေး ရလိုမှုတွင် အဆိုပါ ပစ္စည်းသည် အခြားတရားရုံးများ၏ စီရင်ပိုင်ခွင့် ဒေသများ၌ ခွဲခြားတည်ရှိနေပါက ယင်းပစ္စည်း တစ်စိတ်တစ်ဒေသ တည်ရှိရာ ဒေသအတွင်း စီရင်ပိုင်ခွင့်ရှိသော တရားရုံး တစ်ရုံးရုံး၌ တရားစွဲဆိုနိုင်သည်။ သို့ရာတွင် အမှု၏ အချင်းဖြစ် အကြောင်းအရာ တန်ဖိုးနှင့် စပ်လျဉ်း၍ အဆိုပါ တရားရုံးသည် တောင်းဆိုချက် တစ်ရပ်လုံးကို လက်ခံစစ်ဆေး စီရင်နိုင်သော တရားရုံး ဖြစ်ရမည်။
သို့ရာတွင် အမှုတန်ဖိုးနှင့် စပ်လျဉ်း၍ အဆိုပါတရားရုံးသည် တောင်းဆိုချက် တစ်ရပ်လုံးကို လက်ခံစီရင်နိုင်သော တရားရုံးများ ဖြစ်ရမည်။